No. 74/81, Min Yae Kyaw Swar Road, Lanmadaw Township, Yangon +959266333372





ကမ္ဘာ့ ခုခံအားကျဆင်းမှုကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ (𝗪𝗼𝗿𝗹𝗱 𝗔𝗜𝗗𝗦 𝗗𝗮𝘆) အထိမ်းအမှတ်ကို ၁၉၈၈ ခုနှစ်မှစတင်ပြီး တစ်ကမ္ဘာလုံး အတိုင်းအတာအနေဖြင့် အခမ်းအနားများ ကျင်းပခဲ့သည်မှာ ယခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့ဆိုလျှင် ၃၅ နှစ်တိုင်ခဲ့ပြီ ဖြစ်ပါသည်။

 

၂၀၂၃ ခုနှစ်အတွက် ဆောင်ပုဒ်မှာ "𝐋𝐞𝐭 𝐂𝐨𝐦𝐦𝐮𝐧𝐢𝐭𝐢𝐞𝐬 𝐋𝐞𝐚𝐝" ဖြစ်ပါသည်။ အနီးစပ်ဆုံး ဆိုလိုရင်းမှာ HIV/AIDS ရောဂါကြောင့် ထိခိုက်ခံစားနေရသူ အသိုင်းအဝန်းကို အားပေးကူညီကြရန်နှင့် HIV ရောဂါ ကာကွယ်ကုသရေး လုပ်ငန်းစဉ်များတွင် အဆိုပါအသိုင်းအဝန်း၏ မရှိမဖြစ်အရေးပါပုံကို အသိအမှတ်ပြုစေလိုသော ရည်ရွယ်ချက်ဖြစ်ပါသည်။ ထို့ကြောင့် "𝐋𝐞𝐭 𝐂𝐨𝐦𝐦𝐮𝐧𝐢𝐭𝐢𝐞𝐬 𝐋𝐞𝐚𝐝" HIV/AIDS ရောဂါကြောင့် ထိခိုက်ခံစားနေရသူ အသိုင်းအဝန်းကို ရောဂါကာကွယ်/ကုသရေး လုပ်ငန်းများတွင် ဦးဆောင်ခွင့်ပေးပါဟု သတ်မှတ်ရခြင်း ဖြစ်ပါသည်။

 

𝗪𝗼𝗿𝗹𝗱 𝗔𝗜𝗗𝗦 𝗗𝗮𝘆 အထိမ်းအမှတ်အတွက် ‌အများပြည်သူများ သတိပြုအလေးထားစေရန် ရည်ရွယ်ကာ ဤဆောင်းပါးအား ရေးသားမျှဝေပေးလိုက်ပါသည်။

 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ စစ်တမ်းအရ ၂၀၂၂ ခုနှစ်တွင် 🇲🇲 မြန်မာနိုင်ငံအနေဖြင့်

 

📌 HIV ပိုး ကူးစက်ခံနေရသူဦးရေ ၂၂၀,၀၀၀ ခန့်ရှိပြီး ၆၆% ခန့်သာ ခုခံအားကျဆင်းမှုရောဂါ ကုထုံး (ART) ​ဆေးများဖြင့် ကုသမှုခံယူ​နေပါသည်။

 

📌 HIV ပိုး အသစ်ကူးစက်ခံရသူပေါင်း ၁၁,၀၀၀ ခန့်ရှိပြီး AIDS ရောဂါကြောင့် သေဆုံးသူမှာ ၇,၀၀၀ ခန့် ဖြစ်ပါသည်။

 

🎗𝗛𝗜𝗩 ပိုးကူးစက်ခံနေရသူများအတွက် နေထိုင်စားသောက်မှုပုံစံ (𝗟𝗶𝗳𝗲𝘀𝘁𝘆𝗹𝗲)

 

♦️ ART ဆေးဝါးများကို ဆရာဝန်၏ ညွှန်ကြားချက်အတိုင်း သောက်သုံးပါ။ ART ဆေးဝါးများက သွေးတွင်းရှိ HIV ပိုးပမာဏကို လျှော့ချ‌‌ပေးနိုင်ပြီး ‌‌ရောဂါပိုးကူးစက်ပျံ့နှံ့ခြင်းနှင့် အခြားရောဂါများ‌ ဝင်ရောက်ခြင်း တို့ကိုလျော့နည်းစေနိုင်သည်။

 

♦️ ကျန်းမာရေးနှင့် ညီညွတ်ပြီး အာဟာရပြည့်ဝသည့် အစားအစာများကို ‌သင့်တင့်မျှတစွာ ရွေးချယ်စားသုံးပါ။

 

♦️ အစားအစာများမှရရှိသော စွမ်းအင်နှင့် အာဟာရဓာတ်များကြောင့် ကိုယ်ခံစွမ်းအား ကောင်းမွန်စေပြီး HIV ပိုးနှင့် အခြားသော ရောဂါပိုးများဝင်ရောက်ခြင်း တို့ကို ပြန်လည်ခုခံ တိုက်ခိုက်ပေးနိုင်ပါလိမ့်မည်။၊

 

❌ ရှောင်ရန် - အစိမ်း နှင့် မကျက်တကျက် ချက်ပြုတ်ထား‌သော ဥမျိုးစုံ၊ အသားများ၊ ပင်လယ်စာများ၊ ပိုးမသတ်ထားသည့် နို့နှင့် နို့ထွက်ပစ္စည်းများ၊ တွင်း‌ရေ ကန်ရေများ (ရေစိမ်း)။ ❌

 

⚠️ သတိပြုရန် - ဟင်းသီးဟင်းရွက်များနှင့် သစ်သီးဝလံများကို ရေဖြင့် သေချာဆေးကြောပါ။

 

အစားအစာများကို မကိုင်တွယ်ခင်နှင့် အစာမစားခင်တိုင်း လက်ကို သေချာစွာဆေးပါ။ ⚠️

 

♦️ သင့်တော်သည့် ကိုယ်အလေးချိန်ရှိရန်လည်း ထိန်းသိမ်းပေးရန် လိုပါသည်။

 

♦️ မိမိနှင့် သင့်တော်သည့် ကိုယ်လက်လှုပ်ရှားမှုကို ပုံမှန်ပြုလုပ်ပေးပါ။

 

ကိုယ်လက်လေ့ကျင့်ခန်း ပြုလုပ်ပေးခြင်းဖြင့် စိတ်ခံစားမှုနှင့် ကိုယ်ခံစွမ်းအားကို ကောင်းမွန်စေသလို၊ နှစ်ခြိုက်စွာအိပ်ပျော်စေရန် အထောက်အကူပေးပါသည်။ ထို့အပြင် စိတ်ဓာတ်ကျဆင်းမှု၊ နှလုံးရောဂါ၊ သွေးတိုး‌ရောဂါ၊ ဆီးချိုသွေးချိုရောဂါနှင့် အချို့သောကင်ဆာ ဖြစ်ပွားမှုတို့ကိုလည်း လျော့နည်းစေနိုင်ပါသည်။

 

🎗သို့မှသာ HIV ရောဂါလက္ခဏာများနှင့် နောက်ဆက်တွဲပြဿနာများကို ထိန်းချုပ်နိုင်ပြီး ဘဝအရည်အသွေး ကောင်းမွန်စွာဖြင့် လူ့သက်တမ်းစေ့ ကျန်းမာစွာ နေထိုင်နိုင်ပါလိမ့်မည်။