ဆီးချိုသွေးချိုကြောင့်ဖြစ်တဲ့ အာရုံကြော ပြဿနာ ❓❓
နိုဝင်ဘာလ (၁၄) ရက်နေ့သည် ကမ္ဘာ့ဆီးချိုသွေးချိုရောဂါနေ့ (World Diabetes Day) ဖြစ်ပြီး ယခုနှစ်၏ ဆောင်ပုဒ်မှာ "Access to Diabetes Care" ဖြစ်ပါသည်။ အဓိပ္ပါယ်မှာ ဆီးချိုသွေးချိုရောဂါရှိသူများအနေဖြင့် အဆိုပါရောဂါကို ကုသရာမှာ လိုအပ်မည့် ကုသမှုများ၊ ဆေးဝါးများနှင့် ကျန်းမာရေးအသိပညာများကို ညီတူညီမျှ ရရှိခံစားကြရစေဖို့ ဝိုင်းဝန်းလုပ်ဆောင်ကြရန် တိုက်တွန်းလိုသည့် သဘောဖြစ်ပါသည်။
ထို့ကြောင့် အဆိုပါနေ့ အထိမ်းအမှတ်အတွက် ဆီးချိုသွေးချိုဝေဒနာရှင်များ အဖြစ်အများဆုံး ခံစားရလေ့ရှိသည့် နောက်ဆက်တွဲ အာရုံကြောပြဿနာများကို ကျန်းမာရေးဗဟုသုတအဖြစ် မျှဝေပေးလိုက်ပါသည်။
ဆီးချိုသွေးချိုကြောင့်ဖြစ်တဲ့ အာရုံကြောပြဿနာဆိုတာ❓❓
ဆီးချိုသွေးချိုဝေဒနာရှင်များတွင် ခြေလက်များထုံကျင်ခြင်း၊ နာခြင်း၊ ရွစိရွစိဖြစ်ခြင်း၊ မီးစနှင့်ထိုးသကဲ့သို့ဖြစ်ခြင်း အစရှိတဲ့ ဝေဒနာလက္ခဏာများကို ခံစားရလေ့ရှိပါသည်။
ဘာကြောင့်ဖြစ်ရတာလဲ❓❓
အချိန်ကြာမြင့်စွာ သွေးတွင်းအချိုဓာတ်များခြင်းသည် ခန္ဓာကိုယ်တွင်းရှိ နာ့ဗ်အာရုံကြောများအား အာဟာရဓာတ် ထောက်ပံ့ပေးနေသည့် သွေးကြောငယ်များကို ပျက်စီးစေသည့်အတွက်ကြောင့် ဖြစ်သည်။ ထို့ကြောင့် အာရုံကြောနာ့ဗ်ဖိုင်ဘာများ ထိခိုက်ပျက်စီးလာကာ နောက်ဆုံး ပျောက်ကွယ်သွားသည်အထိ ဖြစ်နိုင်ပါသည်။ ထိခိုက်ပျက်စီးသည့် နာ့ဗ်အာရုံကြော အမျိုးအစားပေါ်မူတည်ပြီး ခန္ဓာကိုယ်၏ အစိတ်အပိုင်းအသီးသီးမှာ ပြဿနာများ ဖြစ်လာရခြင်းပင် ဖြစ်သည်။
ဒီရောဂါက ကုသလို့ ပျောက်ကင်းနိုင်သလား❓❓
မပျောက်ကင်းနိုင်ပါ။ သို့ပေမယ့် ခံစားရသည့် ရောဂါလက္ခဏာများကို သက်သာသွားစေရန် ကုသပေးလို့ ရပါသည်။
ဆီးချိုသွေးချိုရောဂါရှိသူတွေ ဝိုင်စီ-ဘီအန်စီကို သောက်လို့ရလား❓❓
ဝိုင်စီ-ဘီအန်စီ (Y-Si BNC) အားဆေးက ဆီးချိုသွေးချိုရောဂါ ရှိသူများအတွက်လည်း သင့်တော်ပါသည်။ ပါဝင်သော ဗီတာမင် ဘီ ၁၊ ၆၊ ၁၂ တို့သည် အာရုံကြောစနစ်ကျန်းမာရေးကို အထောက်အကူပြုသောကြောင့် ဆီးချိုရောဂါကြောင့် နောက်ဆက်တွဲဖြစ်လာသည့် အာရုံကြောပြဿနာများကို သက်သာစေနိုင်ပါသည်။
ဝိုင်စီ-ဘီအန်စီ အားဆေးတွင် အရည်အသွေးမြင့် ဗီတာမင်စီ ပေါင်းစပ်ပါဝင်ပါသည်။ ဗီတာမင်စီတွင် ဓာတ်တိုးဆန့်ကျင်အာနိသင်များ (Anti-oxidant) ကြွယ်ဝစွာပါဝင်သည်။ အဆိုပါအာနိသင်က ဆီးချိုရောဂါရှင်များတွင် သွေးတွင်းသကြားဓာတ်ကို တည်ငြိမ်အောင် ကူညီပေးနိုင်သည့်အပြင် ဆီးချိုရောဂါလက္ခဏာများကိုလည်း လျော့နည်းအောင် အထောက်အကူပြုပေးနိုင်သည်။ ထို့ပြင် အနာမြန်မြန်ကျက်စေရန်လည်း ကူညီပေးနိုင်သည်။
ဆီးချိုသွေးချိုဝေဒနာရှင်များအနေဖြင့် ဆရာဝန်နှင့် ပုံမှန်ပြသကာ ညွှန်ကြားထားသောဆေးများ သောက်သုံးခြင်း၊ အစားအသောက် အနေအထိုင်တို့ကို ဂရုပြုဆင်ခြင်ခြင်းတို့ဖြင့် ဘဝအရည်အသွေး (Quality of Life) ကောင်းမွန်ပြည့်စုံစွာ ရရှိနိုင်ပါစေကြာင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။